လသာ ဇူလိုင် ၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၌ ယနေ့တွင်ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် Online Talk Show ဆွေးနွေးပွဲ အစီအစဉ်ကို ယနေ့မွန်းလွဲ ၃ နာရီက လသာမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရိုက်ကူးတင်ဆက်ခဲ့သည်။
ထိုသို့ ရိုက်ကူးတင်ဆက်ရာတွင် ဆွေးနွေးသူများဖြစ်သည့်ဒေါ်နီနီအောင်(ဒုတိယဦးစီးမှူး)၊ (စာရေးဆရာမ)ပေါက်ပေါက်တို့က ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုအဖြစ် မြန်မာအမျိုးသမီးများ လေးစားအားကျ အတုယူသင့်သော ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီး များအကြောင်းနှင့် မြန်မာ အမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ၊ မြန်မာအမျိုးသမီး များနေ့သတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ယနေ့ခေတ် မြန်မာအမျိုးသမီးများ မည်သို့ပြုမူနေထိုင်ရမည်အကြောင်းကို ဗဟုသုတရဖွယ် စသည့် အကြောင်းအရာများဖြင့် မေးခွန်းများမေးမြန်းခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
အဆိုပါ Talk Show အစီအစဉ်ကို လသာမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပြီး လသာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြည်သူများအသိပညာရရှိစေရေးအတွက် Talk Show အစီအစဉ်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။
နီနီအောင်