လသာမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲ Talk Show ပြုလုပ်

လသာ ဇူလိုင် ၂

ရန်ကုန်တိုင်း​ဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၌ ဇူလိုင် (၃) ရက်နေ့တွင် ရောက်ရှိမည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် Online Talk Show ​ဆွေး​နွေးပွဲ အစီအစဉ်ကို ယနေ့ ​မွန်လွဲ  ၂ နာရီခွဲအချိန်က လသာမြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ရိုက်ကူးတင်ဆက်ခဲ့သည်။

ထိုသို့ ရိုက်ကူးတင်ဆက်ရာတွင် ဆွေးနွေးသူများဖြစ်သည့် ​ဒေါ်နီနီအောင်(ဒုတိယဦးစီးမှူး)၊ (စာရေးဆရာမ) ပေါက်ပေါက်တို့က ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အကြိုအဖြစ် မြန်မာအမျိုးသမီးများ လေးစားအားကျ အတုယူသင့်သော ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများအကြောင်းနှင့် မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ် လာပုံ၊ မြန်မာအမျိုးသမီးများနေ့ သတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ယ‌နေ့ခေတ် မြန်မာအမျိုးသမီးများ မည်သို့ပြုမူ နေထိုင်ရ မည့်အကြောင်းကို ဗဟုသုတရဖွယ် စသည့် အကြောင်းအရာများဖြင့် မေးခွန်းများမေးမြန်းခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်းများ ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Talk Show အစီအစဉ်ကို လသာမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်ပြီး လသာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာရရှိစေရေး အတွက် Talk Show အစီအစဉ်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နီနီအောင်