ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (Community Centre)ခန်းမ၌  မြို့နယ် စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံမြောက် ဇူလိုင် ၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊  ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ မြို့နယ် စာရေးဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ယနေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက် ခဲ့‌ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စာရေးဆရာအသင်း ဒုတိယဉက္ကဋ္ဌ ဒေါ်ခင်နှင်းအေး (ခင်ယုသွေး)မှ မြို့နယ်စာရေးဆရာအသင်း ဉက္ကဋ္ဌနေရာလစ်လပ်နေသဖြင့် ပြန်လည်ရွေးချယ် သွားရေး လုပ်ငန်းများ‌ဆောင်ရွက်ရန် လိုအပ်သဖြင့် ရွေးချယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ အမှုဆောင်များမှ လုပ်ငန်းဆောင်ရွက်မှုများနှင့်ဘဏ္ဏာရေးဆိုင်ရာလုပ်ငန်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဆောင်ရွက်လျက်ရှိသည့်  အသိပညာပေး လုပ်ငန်းများဖြစ်သည့် စာဖတ်ဝိုင်းများ၊ Talk Show များကို ဆက်လက်ကူညီဆောင်ရွက်ပေးသွားရေးတို့ကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ ၃ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ