တံတားဦးမြို့နယ်တွင် ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေ များပေးအပ်
Jul 02,2022
မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တံတားဦးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်ပြောင်းရွှေ့နေထိုင်ရသည့် ရေဘေးသင့် ပြည်သူများအား ဆန်ရိက္ခာဘိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီက တံတားဦး မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။