သတင်းများ

နေပြည်တော်ကောင်စီ၊ ဒေဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဉက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် ဦးဇေယျာလင်းနှင့် ဟိုတယ်လုပ်ငန်းရှင်များ တွေ့ဆုံပွဲ ကျင်းပ
Jul 02,2022
နေပြည်တော်ကောင်စီ၊ ဒေဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဉက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် ဦးဇေယျာလင်းနှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက နေပြည်တော် ဉတ္တရသီရိခရိုင်၊ ဉတ္တရသီရိမြို့နယ် အတွင်းရှိ ဟိုတယ်များသို့ သွားရောက်၍ မြို့တော်အင်္ဂါရပ်နှင့်အညီ ဟိုတယ်များ တည်ရှိရာ လမ်းဘေးဝဲယာနှင့် အတွင်းအပြင် သန့်ရှင်းသာယာ လှပ စိမ်းလန်းစိုပြည်‌ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှု့ပြီး ဉတ္တရသီရိမြို့နယ်အတွင်းရှိ ဟိုတယ်များမှ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများအား Aye Chan Thar Hotel တွင် တွေ့ဆုံ၍ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရန် ကိစ္စများကို တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကျင်းပ
Jul 02,2022
မကွေတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရယာများကို အသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာမြေများ ထယ်ရေ ထွက်ယက်ခြင်းလုပ်ငန်းအား အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် ဆောင်ရွက် လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ Kubota ခြောက်တန်းသွား ကောက်စိုက်စက်အသုံးပြု၍ စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် မုန်းသီတာကုမ္ပဏီ (ဖူးပွင့်သမ အသင်း) ပိုင် ကွင်းအမှတ်(၉၀၉) လယ်မြေ ၁၈၀ ဧကရှိ စံပြကွက်၌ ကျင်းပခဲ့သည်။
ဟိုပန်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်
Jul 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းကာ သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်မှ တစ်ဆင့်ဖြစ်ပွားစေတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက် ၁၀ နာရီက မူလတန်းကြိုကျောင်းများ၌   ခြင်ဆေးဖျန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ငလိုက်စခန်းသာဆင်စခန်း မိုးရာသီသစ်ပင် စိုက်ပျိုးပွဲသို့ တက်ရောက်
Jul 02,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ငလိုက်စခန်းသာဆင်စခန်းတွင် မြန်မာ့ သစ်လုပ်ငန်း၊ နေပြည်တော်သစ်ထုတ်ရေးဒေသမှ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခွဲက ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း အထိမ်း အမှတ် ရတနာတန်းဝင် သစ်မျိုးဖြစ်သည့် ပျဉ်းကတိုးသစ်ပင်အား စိုက်ပျိုးပေးခဲ့သည်။
ပလောက်မြို့ ၊ တောင်ယာစပါးစိုက်ခင်းများအားပိုးမွှားရောဂါကျရောက်မှု ရှိ/မရှိကွင်းဆင်းဆွေးနွေး
Jul 02,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ရှိတောင်ယာစပါးစိုက်ခင်းများတွင် ပိုးမွှားရောဂါကျရောက်မှုရှိ/မရှိကင်းထောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၈နာရီအချိန်က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့ပေါ်ရှိ ‌အခြေခံပညာကျောင်းများအား ကျန်းမာရေးဌာနမှ ခြင်ဆေးမှုတ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး
Jul 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများသည် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရှိ အခြေခံပညာကျောင်းတို့တွင် ခြင်ဆေး မှုတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပဲခူးမြို့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jul 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပဲခူးမြို့ အ.ထ.က (၅)သီရိပညာခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ်သည်။
ဟိုပင်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုး ပွဲတော်ပြုလုပ်ကျင်းပ
Jul 02,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှေ့၌ ဇူလိုင်လ(၂)ရက် နံနက်(၁၀)နာရီက သဘာဝဘေးအန္တရာယ်များကို ကာကွယ်ပေးနိုင်သည့် အစိမ်းရောင်တံတိုင်းများ တည်ထောင်ဖွံ့ဖြိုးစေခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် သစ်ပင်စိုက်ပျိုးပွဲတော် ပြုလုပ် ကျင်းပခဲ့ သည်။