သတင်းများ

စီးပွားရေးတက္ကသိုလ်(မိတ္ထီလာ)၌ ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်လှစ်ပို့ချ
Jul 03,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ စီးပွားရေးတက္ကသိုလ်(မိတ္ထီလာ) ၌ ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်းကို ယမန်နေ့က ဖွင့်လှစ်ပို့ချကြောင်း ခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးနေဦးထံက သိရသည်။
ထီးချိုင့်မြို့နယ်Community Centre ခန်းမတွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် Talk Show ကျင်းပ
Jul 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ(၁၂)အချိန်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့ပါသည်။
မိုးညိုမြို့နယ်တွင် ရေဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းနှင့်‌ ဟောပြောပွဲပြုလုပ်
Jul 03,2022
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ထွဋ်မြတ်စံပြကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ရေဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်‌လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
ကြံခင်းမြို့တွင် သွေးလွန်တုပ်‌ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအန္တရာယ်မှကင်းဝေးစေရန်၊ ဒေသနေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်ပြီးယမန်နေ့  နံနက်ပိုင်းက ရွာသစ်ရပ်ကွက် ၊မြို့မရပ်ကွက်နှင့်ရွှေတောင်စုရပ်ကွက်များများအတွင်းရှိ နေအိမ် ခြံဝန်းများတွင် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးဆောင်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ကြံခင်းမြို့တွင် အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ်(၂/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 03,2022
သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီ းအသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း(၂/၂၀၂၂)ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတတ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ကြံခင်းမြို့နယ်တွင် ကိုင်ဆောင်လက်မှတ် ရှိ/ မရှိစစ်ဆေးခြင်းနှင့် မြေပြင်ရှိ အခြေခံမဲဆန္ဒ ရှင်စာရင်းမှန်ကန်စွာရရှိရေး ကွင်းဆင်းစစ်ဆေးကောက်ယူခြင်း ဆောင်ရွက်
Jul 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ ပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းက ကိုင်ဆောင်သည့် လက်မှတ်ရှိ/ မရှိ စစ်ဆေးခြင်းနှင့် မြေပြင်ရှိ အခြေခံမဲဆန္ဒရှင် စာရင်းမှန်ကန်စွာ ရရှိစေရေးအတွက် မြို့မရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးကောက်ယူခြင်းကို ဆောင်ရွက်ကြသည်။
လေးမျက်နှာမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ ကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်းကွင်းသရုပ်ပြပွဲကျင်းပ
Jul 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်အမှတ်(၂၆) တောင်သူဦးဌေးအောင်၏လယ်မြေတွင် ယနေ့နံနက်ပိုင်း၌ စိုက်ပျိူးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ၂၀၂၂ ခုနှစ် မိုးရာသီကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်းကွင်းသရုပ်ပြပွဲ ပြုလုပ်ခဲ့သည်။
ကော့သောင်းခရိုင် ၂၀၂၂ခုနှစ်၊ မိုးစပါးဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြစိုက်ခင်းများအတွက် စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Jul 03,2022
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၏ ကော့သောင်းခရိုင် ၂၀၂၂ခုနှစ်၊ မိုးစပါးဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြစိုက်ခင်းများအတွက် စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ မဥ္ဇူသက ပြည်သူ့ခန်းမတွင်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။