နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးမြို့၊ ‌‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံ ကြည့်ရှုစစ်ဆေး

မုံရွာ ဇူလိုင် ၂ 

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ခန္တီးမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှု၊ ကျောင်းအတွင်းရှိ ကျောင်းဆောင်အဆောက်အဦများ ကြံ့ခိုင်မှုရှိစေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့အား လိုက်လံကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးပြီး ကျောင်းအုပ်ဆရာမကြီးထံ ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ခန္တီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိ၍ ဒေသခံကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှု၊ ကျောင်းဆောင်အဆောက်အဦများနှင့် ကျောင်းသား၊ ကျောင်းသူ အင်အား အချိုးညီစွာ သင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ အမှာစကားများ အသီးသီးပြောကြားပြီး ကျောင်းအုပ်ဆရာကြီးထံ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ခန္တီးမြို့၊ ပြည်သူ့ အားကစားကွင်းသို့ ရောက်ရှိ၍ မိုးလုံလေလုံအားကစားခန်းမ၊ ပွဲကြည့်စင်များကြံ့ခိုင်မှု၊ ဘောလုံးကွင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးနှင့် ခြံစည်းရိုးကာရံနေမှုတို့အား လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိ၍ ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ခန္တီးမြို့၊ ကမ်းနားလမ်း စတီးလက်ရန်းနှင့် WE LOVE HKAMTI (LED) ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး ခန္တီးမြို့၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ ကမ်းနားလမ်း စတီးလက်ရန်း WE LOVE HKAMTI (LED) ဆိုင်းဘုတ်နှင့် တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း တို့က ကမ်းနားလမ်းစတီး လက်ရန်းနှင့် WE LOVE HKAMTI (LED) ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ တိုင်းရင်းသားရိုးရာ အကအဖွဲ့များအား ဂုဏ်ပြုငွေများပေးအပ်ပြီး ကမ်းနားလမ်းစတီး လက်ရန်းများ တပ်ဆင်ပြီးစီးမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)