သတင်းများ

စစ်ကိုင်းခရိုင် ပြန်/ဆက်ဦးစီးဌာနတွင် မြန်မာအမျိုးသမီးများနေ့သိကောင်းစရာ Talk Show ကျင်းပ
Jul 02,2022
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြန်မာအမျိုးသမီးများနေ့ သိကောင်းစရာ Talk Show ကျင်းပဆောင်ရွက်ခြင်းကို အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်က ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းခတ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်
Jul 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှု ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများတွင် ပိုးလောက်လမ်းသတ်ဆေး (အဘိတ်ဆေး) ခတ်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီအချိန်က မိုင်းခတ်မြို့၊ အမှတ်(၁) ရပ်ကွက်တွင် ဆောင်ရွက်ကြောင်း သိရသည်။
မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးအား သွားရောက် ဖူးမြော် ကြည်ညို၍ ဟိုခုံသာသနာ့ဗိမ္မာန်တော်ကြီး တည်ဆောက်နေမှု လိုက်လံကြည့်ရှု
Jul 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် မိုင်းယောင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သောအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများနှင့် ကျန်းမာရေးဆိုင်ရာများကို မေးမြန်းလျှောက်ထားပြီး ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု
Jul 02,2022
ရခိုင်ပြည်နယ်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းက စစ်တွေ မြို့ သန့်ရှင်းသာယာလှပရေးနှင့် ဌာနဆိုင်ရုံးများသန့်ရှင်း သာယာရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (CoviShield) အားရာနှုန်းပြည့် ပြီးစီးရေးဆက်လက်ထိုးနှံ
Jul 02,2022
ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Siopharm (sinovac) ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (CoviShield) ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ယမန်နေ့ နံနက် ၉ နာရီက ရန်ကင်းမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်း ဆုတောင်း ပြည့်စေတီတော်ဝန်းအတွင်းရှိ အရိယာဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တနင်္လာနေ့မှ သောကြာနေ့အထိ ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဝေါမြို့နယ်၌ နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် လက်လုပ်လက်စား အိမ်ထောင်စုများအတွက် ဆန်ထောက်ပံ့လှူဒါန်းပွဲကျင်းပ
Jul 02,2022
၂၀၂၂ ခုနှစ်၊ နှစ်(၁၀၀)ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့ပေါ် ရပ်ကွက်များအတွင်းရှိ ချို့တဲ့သော လက်လုပ် လက်စားအိမ်ထောင်စုများအတွက် ပဲခူးခရိုင်၊ ဝေါမြို့နယ် သမဝါယမအသင်းများက စုပေါင်း၍ ဆန်ထောက်ပံ့လှူဒါန်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမ ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မင်္ဂလာဒုံ​မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် သင်္ကန်းကျွန်းကြီး စံပြကျေးရွာအတွင်းရှိ အထွေထွေ အုပ်ချုပ်ရေးမှူး သင်တန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာရေးလုပ်ငန်းများဖြစ်သော ရေသိုလှောင် ကန်များအတွင်း ပိုးလောက်လမ်းများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပိုးလောက်လမ်းများ ပေါက်ဖွားမှု မရှိစေရန် အဘိတ်ဆေးခတ်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း၏ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချ
Jul 02,2022
ရန်ကင်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ဘူတာရုံလမ်း၊ ကံဘဲ့တာဝါရှေ့တွင် မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများ အသင်း၏ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥများကို ရပ်ကွက်နေ ပြည်သူများ အဆင်ပြေစွာနှင့် သက်သာစွာ ဝယ်ယူနိုင်ရန် လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။