သတင်းများ

ဒဂုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်
Sep 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၂) အ​ခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်တွင် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုတွင် အာဟာရပစ္စည်းများထောက်ပံ့ခြင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပ
Sep 01,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများ ထောက်ပံ့ခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သင်ပန်းကုန်းသားဖွားခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။
ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ သင်တန်း/ဆွေးနွေးပွဲ ကျင်းပ
Sep 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်း/ဆွေးနွေးပွဲ ကို ဩဂုတ် ၃၀ ရက်က အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ငါ့သရောက်မြို့ ပြန်/ဆက်ဦးစီးဌာန (Community Center) ခန်းမတွင် ကလေးများ စာပေဗဟုသုတရရှိစေရန် စာဖတ်ဝိုင်းပြုလုပ်
Sep 01,2022
 မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ကလေးများအားစာပေဗဟုသုတရရှိစေရန် ဒုတိယ ဦးစီးမှူးဒေါ်အေးအေးမိုးမှ သုတ၊ ရသစာစောင်များမှ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဖတ်ပြပြီး ကလေးများ၏အတွေးအခေါ်အယူအဆများအား အပြန်အလှန်ဆွေနွေးခဲ့ကြောင်း သိရသည်။
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဂေါပကအဖွဲ့ ပဉ္စမသက်တမ်း(၃)နှစ်ကာလအတွက် ဂေါပကအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Sep 01,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဂေါပကအဖွဲ့ ပဉ္စမသက်တမ်း(၃)နှစ်ကာလအတွက် ဂေါပကအဖွဲ့ဝင်များခန့်အပ်တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ၁၃၈၄-ခုနှစ်၊ တော်သလင်းလဆန်း(၇)ရက်၊ (၁-၉-၂၀၂၂) ရက်၊ ယနေ့နံနက်(၀၉:၃၀)နာရီအချိန်တွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ဓမ္မာရုံအတွင်း၌ ကျင်းပသည်။
နတ်တလင်းခရိုင် တရားရုံးဖွင့်ပွဲ အခမ်းအနား ကျင်းပ
Sep 01,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ တရားရုံးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃နာရီအချိန် က မြို့မရပ်ကွက်၊ ဗိုလ်ရုံလမ်း နတ်တလင်းမြို့နယ် တရားရုံးဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်
Sep 01,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြို့င်ကြီးငူအထူးဒေသတွင်ရှိသော တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် စားဝတ်နေရေး အခက်အခဲမရှိစေရန်အတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာအုပ်၊ စာစောင်များ Mobile စနစ်ဖြင့် ငှားရမ်းပေး
Sep 01,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ်ပိုင်းက အမှတ် (၃) အခြေခံပညာမူလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။