သတင်းများ

အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများညှိနှိုင်းဆွေးနွေး
Sep 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 02,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ ခရိုင်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၆/၂၂)ကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင် အထွေထွေအုပ်ချုပ်ရေးမှုးရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း(Mask Campaign)ပြုလုပ်
Sep 02,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါသည် ပပျောက်လုနီးပါးအချိန်ဖြစ်ခဲ့သော်လည်း ယခုအခါ ဒေသအချို့တွင် ပြန်လည် ကူးစက်မှုများရှိလာသဖြင့် ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့ဝင်လမ်းဆုံနေရာနှင့် ဒေသတွင်းရှိဈေးဆိုင်တို့တွင် နှာခေါင်းစည်း (Mask Campaign) ပြုလုပ်ခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးနှိုးဆော်မှုကို
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေနှင့် ဆန်ဆီများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကျေးရွာအရောက် သွားရောက်ထောက်ပံ့
Sep 02,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေနှင့် ဆန်/ဆီများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကံကလေးအုပ်စု သစ်စင် (မြောက်စုရွာ) ဆင်းရဲနွမ်းပါးသက်ကြီးဘိုးဘွားအား ယမန်နေ့ညနေ ၄ နာရီခွဲက အဆိုပါကျေးရွာသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
မင်းလှမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ဓာတ်မှန်ဆောင် ဆောက်လုပ်ရန် ပန္နက်တင်ပွဲကျင်းပ
Sep 02,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ဓာတ်မှန်ဆောင် ဆောက်လုပ်ရန်ပန္နက်တင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့သည်။
မုဒုံမြို့၌ လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ
Sep 02,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်  ၉  နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတဝန်ကြီးဌာနဝန်ကြီး မိုးကောင်းမြို့နယ် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
Sep 02,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတဝန်ကြီးဌာန ဝန်ကြီး ဦးတိန့်ဆောင်သည် မိုးကောင်းမြို့နယ် ဌာနဆိုင်ရာများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီတွင် တွေ့ဆုံသည်။
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မိုးကောင်းနှင့် နမ္မတီးမြို့ရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Sep 02,2022
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ မိုးကောင်းမြို့နှင့် နမ္မတီးမြို့တို့ရှိ မြို့နယ်နှင့် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး မြို့များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ်အစိုးရဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။