သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 01,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် သာသာနာရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံးတို့မှ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများ၊ ဘာသာသာသနာနှင့် သက်ဆိုင်သည့် ရာဇဝတ်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ကျင်းပရာ ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ခဲ့သည်။