သတင်းများ

တံတားဦးမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးနိုင်ရန်အတွက် ကျေးရွာ(၁၃)ရွာအား ချေးငွေများထုတ်ချေးပြီးစီး
Sep 01,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မိုးရာသီကာလ တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်‌ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာ(၁၃)ရွာမှ တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် မွေးစမှအသက် (၁) နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ပေး
Sep 01,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မွေးစမှ အသက် (၁) အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် (၈) နာရီမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရေးခရိုင်တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ
Sep 01,2022
မွန်ပြည်နယ်၊ ရေးခရိုင်တွင် (၂၃ )ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ရေးခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်
Sep 01,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၌ ယနေ့နံနက် ၉နာရီအချိန်မှစတင်ကာ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲအား ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ရုံးခန်း မတွင်ဖွင့်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
သံဖြူဇရပ်မြို့နယ်၌ မုန်တိုင်းဘေး တုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်
Sep 01,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင် ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက ကျိုက္ခမီမြို့ အောင်ပင်လယ်ရပ်ကွက်ရှိ ပင်လယ်ပြင်၌ ပြုလုပ်ခဲ့သည်။
မိုးညှင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၁၃၅,၂၂၁)ဧကထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးပြီးစီး
Sep 01,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ပျိုးရန်လျာထားဧက (၁၃၅,၂၂၁)ဧကရှိ၍ ဩဂုတ်လ နောက်ဆုံးပတ်တွင် မိုးစပါး စိုက်ပျိုးဧက (၁၃၆,၁၁၆)ဧကထိ လျာထားချက်ထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ Mini Museum ပြတိုက်ငယ်သို့ ကျောင်းသား/သူများ လာရောက်လေ့လာ
Sep 01,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော Mini Museum ပြတိုက်ငယ်သို့ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူများက ယနေ့နံနက်ပိုင်းတွင် လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
ချောင်းဆုံမြို့နယ်၌ လယ်ယာကုန်ထုတ်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မှု (၆၅)ရာခိုင်နှုန်းခန့် ပြီးစီး
Sep 01,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၂-၂၀၂၃)ဘဏ္ဏာနှစ် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ကွမ်ရိုက်ကျေးရွာရှိ လယ်ယာကုန်ထုတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ဩဂုတ်လ (၃၀)ရက်နေ့ အထိ (၆၅)ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။