လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်

လှိုင်းဘွဲ စက်တင်ဘာ ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင်ရှိသော တိုက်ပွဲရှောင်ပြည်သူများအနေဖြင့် စားဝတ်နေရေး အခက်အခဲမရှိစေရန်အတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများကို ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးရီတို့က မြိုင်ကြီးငူအထူဒေသ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ငွေ (၈,၇၇၃,၈၀၀) ကျပ်ကို မြိုင်ကြီးငူအထူးဒေသ တာဝန်ရှိသူတစ်ဦးထံ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

စောဒိ(ပြန်/ဆက်)