ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်တွင် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုတွင် အာဟာရပစ္စည်းများထောက်ပံ့ခြင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးခရိုင် စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပစ္စည်းများ ထောက်ပံ့ခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သင်ပန်းကုန်းသားဖွားခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။

ရှေးဦးစွာ ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုတွင် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (အဖွဲ့ဝင်) ဒေါ်အေးစန္ဒာဝင်းမှ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့် အာရဟာပစ္စည်းများထောက်ပံရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်မြတ်မိုးဦးက ကိုယ်ဝန်ဆောင်မိခင်များ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ကိုယ်ဝန်ဆောင်မိခင်များ အာဟာရမျှတစွာ စားသုံးကြရန်၊ ကျန်းမာရေး စောင့်ရှောက်မှုများကို ပုံမှန်ခံယူရန်၊ အစားအသောက်များတွင် အာဟာရပါဝင်မှုအကြောင်း သိကောင်း စရာများကို ရှင်းလင်းပြောကြားပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအတွက် သံဓါတ်အားတိုးဆေးများနှင့် ဗီတာမင် B1 ဖြည့်စွက်ဆေးများကို ပေးအပ်ခဲ့ပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဒေါ်အေးစန္ဒာဝင်းနှင့်အဖွဲ့ဝင်များက ကြက်ဥများ၊ ကွေကာအုပ်များ၊ အိုင်အိုဒင်းဆားများနှင့် ငှက်ပျောသီး များကို ကိုယ်ဝန်ဆောင်မိခင်များအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များ အာဟာရဖွံ့ဖြိုး‌ရေး ရက်သတ္တပတ်လှုပ်ရှားမှုတွင် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်မြတ်မိုးဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊  ပြည်ကြီးတံခွန်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဒေါ်အေးစန္ဒာဝင်းနှင့် အဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ကျော်ကျော်အောင်(ပြန်/ဆက်)