သတင်းများ

သာယာဝတီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး
Sep 01,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ် Mobile သုံးဘီးယာဉ်ဖြင့် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား စာအုပ်များ ငှားရမ်းဝန်ဆောင်မှုပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အလယ်ကုန်းရပ်ကွက် အခြေခံပညာ မူလတန်းကျောင်းသို့ ရွေ့လျားစာကြည့်တိုက်စနစ် Mobile Library သုံးဘီးယာဉ်ဖြင့် ကွင်းဆင်း၍ သုတရသစာအုပ်များအား အခမဲ့ငှားရမ်းခြင်း၊ ကျောင်းသား၊ကျောင်းသူများအား ပုံပြင်များ ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်းများ ပြုလုပ်ပေးခဲ့သည်။
တောင်ပေါ် တဲကြီးကုန်းလမ်းဘေး ပုသိမ်တက္ကသိုလ် ခြံစည်းရိုးနယ်နိမိတ်အစပ်တွင် လျှောက်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Sep 01,2022
တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ တောင်ပေါ်၊ တဲကြီးကုန်းလမ်းဘေး ပုသိမ်တက္ကသိုလ်ခြံစည်းရိုး နယ်နိမိတ်အစပ်တွင် လျှောက်လမ်း ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး စည်ပင်သာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်ရှေ့ လျှောက်လမ်း လုပ်ဆောင်နေမှုအား လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ပေါက်တောမြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ရုပ်ပုံပြ ပုံပြောခြင်း ပြုလုပ်ဆောင်ရွက်ပေး
Sep 01,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူကလေးများအား ယနေ့ နံနက်ပိုင်းက ရုပ်ပုံပြပုံပြောခြင်း ပြုလုပ်ဆောင်ရွက်ခဲ့​သည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး   တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးသို့တက်ရောက်
Sep 01,2022
တနင်္သာရီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက်  ၉ ရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းသစ်များအား ပြည်မြို့ ခုတင်(၅၀၀)အထွေထွေရောဂါကု ဆေးရုံကြီး၌ ဆေးဘက်ကျွမ်းကျင်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြား
Sep 01,2022
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး ခန်းမဆောင်၌ ယနေ့နံနက် ၁၀နာရီက ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်မှန်/ဆေးစပ်) နှင့် စိစစ်ရေးမှူး-၄ (ဆေးမှတ်တမ်း) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦးနှင့် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်တို့ တက်ရောက်အားပေးသည်။
ကျီခါး၌ မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်များ စတင်ဖွင့်လှစ်ဆောင်ရွက်
Sep 01,2022
ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကိုဗစ် ၁၉ ရောဂါ BA-4, BA-5 ဖြစ်ပွားမှုများ ပြန်လည် များပြားလာခြင်း၊ ရောဂါကြောင့် နေ့စဉ်သေဆုံးမှုရှိနေခြင်း၊ အိမ်နီးချ​​င်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ရောဂါဖြစ်ပွားမှုများပြားနေခြင်း၊ မြန်မာနိုင်ငံတွင်လည်း နေ့စဉ်ပိုးတွေ့မှုများ ရှိနေခြင်းတို့ကြောင့် ချင်းပြည်နယ်၊
ကျေးလက်နေ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဖွင်လှစ်
Sep 01,2022
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက် အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်လှစ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက နတ်စမ်းစံပြကျေးရွာရှိ ဓမ္မာရုံ၌ ကျင်းပသည်။
ချောက်မြို့နယ်တွင် ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေး
Sep 01,2022
မကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်​ပေးလျက်ရှိရာ ယ​နေ့နံနက် ၉ နာရီအချိန်က ​မြို့​ပေါ်အမှတ်(၄) အ​ခြေခံပညာ​အထက်တန်း​ကျောင်း၌ အသက်(၁၀)နှစ်နှင့်အထက်​ ကျောင်းသား၊​ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေး ကတ်များ ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။