သတင်းများ

ရွာငံမြို့နယ်တွင် အခြေခံဓာတ်ပုံရိုက်ကူးမှုနှင့် ဗွီဒီယိုတည်းဖြတ်မှုသင်တန်း ဖွင့်လှစ်
Sep 01,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြုလုပ်သည့် အခြေခံဓာတ်ပုံရိုက်ကူးမှုနှင့် ဗွီဒီယိုတည်းဖြတ်မှုသင်တန်းကို ယနေ့နံနက် (၁၀)နာရီက လူထုအ‌ခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။ ဓာတ်ပုံရိုက်ကူးမှုနှင့် ဗွီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းများသည် လူထုဆက်သွယ်ရေးလုပ်ငန်းအဖြစ် အသုံးပြုလုပ်ကိုင်လာကြရာ နယ်မြေဒေသအတွင်း ထူးခြားထင်ရှားသောအရာများကို ဖော်ပြနိုင်သလို ရုံးလုပ်ငန်းများမှတ်တမ်းအဖြစ်သော်လည်းကောင်း၊ ဗဟုသုတနှင့် အသိပညာတိုးပွားစေဖို့ မှတ်တမ်းအဖြစ် ရိုက်ကူးတင်ပြလာကြသည်။
စဉ့်ကူးမြို့နယ်၊ တောင်ကိုင်း(မြောက်)ကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပ
Sep 01,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဆည်ကြီးကျေးရွာအုပ်စု၊ တောင်ကိုင်း(မြောက်)ကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို တောင်ကိုင်း(မြောက်)ကျေးရွာ လေသာကျောင်းတိုက် ဓမ္မာရုံတွင် ယမန်နေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။
တန့်ယန်းမြို့နယ်ရှိ အောင်တော်မူစေတီ ရွှေထီးတော် ရွှေသင်္ကန်းဆက်ကပ်ရန် အလှူငွေများလှူဒါန်း
Sep 01,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်၌ တည်ထားသည့် ဉာဏ်တော် ၁၀၈ ပေရှိ အောင်တော်မူစေတီတော်ကြီး၏ ရွှေထီးတော်အား ရွှေသင်္ကန်းမျက်ပါးလွှာ ထပ်မံဆက်ကပ်နိုင်ရန်အတွက် ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိဌာနဆိုင်ရာများက ယနေ့နံနက် ၁၀ နာရီတွင် အလှူငွေများကို ဆက်ကပ်လှူဒါန်းကြသည်။
ဘူးသီးတောင်မြို့၌ မြစိမ်းရောင်ကျေးရွာစံပြဆုပေးအပ်ပွဲနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံချက်ရေးဆွဲနည်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Sep 01,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစံပြဆုပေးအပ်ပွဲနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံချက်ရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ဘူးသီးတောင်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျိုက်ထိုခရိုင်၊ ခရိုင်တရားရုံးဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်လှစ်ပွဲအခမ်းအနားကျင်းပ
Sep 01,2022
ကျိုက်ထိုခရိုင်တရားရုံး ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁ ရက် နံနက် ၈နာရီခွဲတွင် ကျိုက်ထိုမြို့တောင်သူစုရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ယခင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)  ရုံးဝင်း၌ ဖွင့်လှစ်ခဲ့သည်။
တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေး ရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်
Sep 01,2022
တံတားဦခရိုင်၊ တံတားဦးမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့ဖြင့် ယနေ့နံနက်ပိုင်းက တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာ ရွာဦး ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း၌ မြေပြင်ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာကုသရေးစင်တာသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ လာရောက်စစ်ဆေး
Sep 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၁၆၈)ရပ်ကွက်၊ ရိုးမရိပ်သာသို့ ယမန်နေ့နံနက် (၁၁:၅၀)နာရီက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးညီညီမင်း၊ တိုင်းဒေသကြီးကျန်းမာရေး ဦးစီးမှူး ဒေါက်တာထွန်းမင်းတို့ လာရောက်စစ်ဆေးခဲ့သည်။၊
အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အေးနှင်းအောင် စုစည်းပြင်ဆင်ထုတ်ဝေသည့် "လှပသော စကားသုံးလုံးနှင့် ဘဝတိုးတက်ရေး လမ်းညွှန် ဆောင်းပါးတိုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Sep 01,2022
ရခိုင်ပြည်နယ်  အမ်းမြို့နယ်၌ စာပေမြတ်နိုးသူ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအား လူ့ဘဝ၌ နေ့စဉ်ကြုံတွေ့ရမည့် အတက်အကျ၊ အနိမ့်အမြင့်၊ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ယနေ့၊ နံနက်အချိန်က အေးနှင်းအောင် စုစည်းပြင်ဆင် ထုတ်ဝေသည့် လှပသော စကားသုံးလုံးနှင့် ဘဝတိုးတက်ရေး လမ်းညွှန်ဆောင်းပါးတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။