နတ်တလင်းခရိုင် တရားရုံးဖွင့်ပွဲ အခမ်းအနား ကျင်းပ

နတ်တလင်း  စက်တင်ဘာ 

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ တရားရုံးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃နာရီအချိန် က မြို့မရပ်ကွက်၊ ဗိုလ်ရုံလမ်း နတ်တလင်းမြို့နယ် တရားရုံးဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ နတ်တလင်းခရိုင်တရားသူကြီး ဒေါ်စန်းသိင်္ဂီမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ သာယာဝတီခရိုင်တရားသူကြီး ဒေါ်မေစိမ့်စမ်း၊ နတ်တလင်းခရိုင်တရားသူကြီး ဒေါ်စန်းသိင်္ဂီ၊ နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးတို့မှ နတ်တလင်းခရိုင်တရားရုံး ဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ပြီး အဆိုပါဆိုင်းဘုတ်အား  အောင်သပြေပန်းခတ်ဖြင့် အမွှေးနံ့သာရည်များပက်ဖြန်း၍ ဆိုင်းဘုတ်အား ဖွင့်လှစ်ပေးခဲ့သည်။

နတ်တလင်းခရိုင်တရားရုံးအနေဖြင့် နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ သဲကုန်းမြို့နယ်တို့တွင် ဖြစ်ပွားသော ရာဇဝတ်မှုများနှင့် တရားမမှုများကို စစ်ဆေးစီရင်သွားမှာဖြစ်ပြီး (..၂၀၂၂)ရက်နေ့မှစ၍ တရားစီရင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ သာယာဝတီခရိုင်တရားသူကြီး၊ နတ်တလင်းခရိုင်တရားသူကြီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်၄ မြို့နယ်မှ မြို့နယ်တရားသူကြီးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး