ဒဂုံ စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းမြိုင်က အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာရွှေပြည်က ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းတွင်ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာ ကိစ္စရပ်များကို နေ့စဉ်ကြည့်ရှုစစ်ဆေးရန်၊ စာသင်ကြားရာတွင် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား အသိပညာပေးအနေဖြင့် ထည့်သွင်းပြောကြားရန် စသည့် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ရမည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသင်တန်းသို့ အခြေခံပညာ မူတန်ကျောင်းများမှ ဆရာ၊ ဆရာမ (၁၁) ဦးတက်ရောက်ခဲ့ပြီး နည်းပြ (၄)ဦးမှ အလှည့်ကျ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မေသန္တာ