ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ သင်တန်း/ဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံ စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်း/ဆွေးနွေးပွဲ ကို ဩဂုတ် ၃၀ ရက်က အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ကျန်းမာရေးမှူး  ဒေါ်အေးအေးသွယ်နှင့် ကျန်းမာရေးဝန်ထမ်းများက  ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်ဖြည့်သွင်းနည်းနှင့် ကျောင်းသား၊ ကျောင်းသူများ၏ BMI မှတ်တမ်းများ စနစ်တကျတိုင်းတာထိန်းသိမ်းနည်းများကို ရှင်းလင်းဆွေးနွေးပို့ချပြီး ဆွေးနွေးပွဲတက်ရောက်လာသည့် ကျိုင်းတုံမြို့နယ်၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ ၂၁၀ ဦး ကသိလိုသည်များ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)