ငါ့သရောက်မြို့ ပြန်/ဆက်ဦးစီးဌာန (Community Center) ခန်းမတွင် ကလေးများ စာပေဗဟုသုတရရှိစေရန် စာဖတ်ဝိုင်းပြုလုပ်

ငါ့သရောက်  စက်တင်ဘာ ၁

 မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ကလေးများအားစာပေဗဟုသုတရရှိစေရန် ဒုတိယ ဦးစီးမှူးဒေါ်အေးအေးမိုးမှ သုတ၊ ရသစာစောင်များမှ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဖတ်ပြပြီး ကလေးများ၏အတွေးအခေါ်အယူအဆများအား အပြန်အလှန်ဆွေနွေးခဲ့ကြောင်း သိရသည်။

 အဆိုပါစာဖတ်ဝိုင်းကို ငါ့သရောက်မြို့ ရပ်ကွက်များမှ အသက် ၁၀ နှစ်မှ ၁၃ နှစ်အတွင်း ကလေးများက စိတ်ဝင်တစားလာရောက်ဆွေးနွေးခဲ့ပြီး မိမိတို့သိရှိလိုသည်များကိုလည်း မေးမြန်းခဲ့သည်။ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးမှလည်း ကလေးများသိရှိလိုသည့် အကြောင်း အရာများကို နားလည်သဘောပေါက်အောင် စိတ်ရှည်သည်းခံစွာရှင်းပြပေးပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

P.W.A(ပြန်/ဆက်)