သတင်းများ

တောင်ငူမြို့၌ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည်ရှုစစ်ဆေးကာ မြို့ခံပြည်သူများနှင့် တွေ့ဆုံ
Sep 01,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးသည် ယနေ့နံနက်ပိုင်း က တောင်ငူမြို့သို့ ရောက်ရှိကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ကြည့်ရှုစစ်ဆေးသည်။
ရွှေကူမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်းဆရာဖြစ်သင်တန်းပို့ချ
Sep 01,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ စက်တင်ဘာလ ၁ ရက် နံနက် ၉ နာရီခန့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်း မြစိမ်းရောင်ဆရာဖြစ်သင်တန်းပို့ချခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်တွင် ကောင်းမွန်သောရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းဖွင့်လှစ်
Sep 01,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယနေ့မွန်းလွဲ (၁:၀၀)နာရီမှ (၃:၀၀)နာရီအထိ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် စာ‌ပေဖတ်ရှုမှု ပိုမိုမြင့်မားလာ‌စေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Sep 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က အခြေခံပညာကျောင်းများသို့ အရောက် သွားရောက်‌ ငှားရမ်းပေးကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် မသန်စွမ်းကဏ္ဍမြှင့်တင်ရေး စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Sep 01,2022
ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ပြည်နယ်အတွင်း မသန်စွမ်း ကဏ္ဍမြင့်တင်ရေး စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက အဆိုပါရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ဝိုင်းမော်မြို့နယ်၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 01,2022
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပခဲ့သည်။
ပန်းတောင်းမြို့နယ်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Sep 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ် ခရိုင်ပညာရေးမှုးရုံးနှင့် ခရိုင်တရားရုံး ဆိုင်းပုဒ်ဖွင့်ပွဲ ကျင်းပ
Sep 01,2022
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ခရိုင်ပညာရေးမှုးရုံးနှင့် ခရိုင်တရားရုံး ရုံးဆိုင်းပုဒ်အသစ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။