တောင်ငူမြို့၌ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည်ရှုစစ်ဆေးကာ မြို့ခံပြည်သူများနှင့် တွေ့ဆုံ

တောင်ငူ စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးသည် ယနေ့နံနက်ပိုင်း က တောင်ငူမြို့သို့ ရောက်ရှိကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ စစ်ဆေးရာ ဝန်ကြီး ဦးတင်ဦးနှင့်အဖွဲ့သည် အမှတ် ရပ်ကွက် ကျုံးပတ်လမ်း၌ ဆောင်ရွက်မည့် အများပြည်သူအကျိုးဖြစ်စေမည့် အားကစားလေ့ကျင့်ခန်းပြုလုပ်မည့် မြေနေရာနှင့်  အမှတ် ၁၆ ရပ်ကွက်ရှိ မြို့မစျေးကြီး အသစ်ပြန်လည်တည်ဆောက်မည့် မြေနေရာတို့အား ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်အောင်ဖြိုး က လုပ်ငန်းလျာထားချက် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဝန်ကြီး ဦးတင်ဦးသည် တောင်ငူမြို့ ဆေးရုံအုပ်ကြီး ဘုရင့်နောင်ခန်းမ၌ ဆေးဘက်ကျွမ်းကျင် - (ဓာတ်မှန် / ဆေးစပ်) နှင့် စိစစ်ရေးမှူး - (ဆေးမှတ်တမ်း) သင်တန်းသို့ တက်ရောက် အမှာစကားပြောကြားပြီး တောင်ငူခရိုင် အထွေထွေရောဂါကုဆေးရုံကြီးအတွင်း ငွေကျပ် (၃၃၃) သန်းဖြင့် တည်ဆောက်နေသည့်  ပြည်သူ့ဆေးရုံခွဲစိတ်ခန်းနှင့် ကုသဆောင်များ အဆောက်အဦ တည်ဆောက်မှုအခြေအနေများနှင့် အောက်ဆီဂျင်စက်ရုံ နေ့စဉ်လည်ပတ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍  တောင်ငူမြို့ ခပေါင်းခန်းမ၌ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ   မြို့မစျေးကြီးမှ စျေးသူ စျေးသားများနှင့်တွေ့ဆုံပွဲပြုလုပ်ရာ ဝန်ကြီး ဦးတင်ဦးက တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ နှစ်အလိုက် ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး တက်ရောက်ကြသည့် စျေးသူ/စျေးသားများမှ မြို့မစျေးကြီး အသစ်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အကြံပြုချက်များ ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)