ချီဖွေ စက်တင်ဘာ ၁
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ခရိုင်ပညာရေးမှုးရုံးနှင့် ခရိုင်တရားရုံး ရုံးဆိုင်းပုဒ်အသစ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါ ဆိုင်းပုဒ်သစ်တင်ပွဲအခမ်းအနား၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးချစ်စမ်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဒေါင်ဒိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးနိုင်တင်အေး၊ မြို့နယ်ပညာရေးမှူး ဦးကြည်နွယ်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးဦးသန်းထွန်းဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြသည်။
ချီဖွေမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးတို့ အသီးသီးဖွင့်လှစ်ခဲ့ပြီး ခရိုင်အဆင့် လုပ်ငန်းတာဝန်များ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။
မေခမွန်(ပြန်/ဆက်)