မြစ်ကြီးနားမြို့တွင် မသန်စွမ်းကဏ္ဍမြှင့်တင်ရေး စကားဝိုင်းဆွေးနွေးပွဲကျင်းပ

မြစ်ကြီးနား စက်တင်ဘာ ၁

ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ပြည်နယ်အတွင်း မသန်စွမ်း ကဏ္ဍမြင့်တင်ရေး စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက အဆိုပါရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်မှ လူမှုဝန်ထမ်းဦးစီးဌာနမှ လူငယ်များနှင့် ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ပြည်နယ် ကိုယ်အင်္ဂါမသန်စွမ်သူများအသင်းဥက္ကဋ္ဌ ဦးဂျီဇုန်းဆောင်၊ မြစ်ကြီးနားမြို့ ခရစ်ယာန်မျက်မမြင် ကျောင်း ကျောင်းအုပ်ကြီး ဦးလမုန်ဂမ်ဖန်နှင့် လင်းလက်ကြယ် မျက်မမြင်များအဖွဲ့တာဝန်ခံ ဦးအားဆာတို့က မိမိတို့အသင်းအဖွဲ့များမှ လက်ရှိလည်ပတ်‌ ဆောင်ရွက်နေသည့် လုပ်ငန်းအ​ခြေအနေများနှင့် ဆက်လက်လုပ်ဆောင် သွားမည့် လုပ်ငန်းများအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကချင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခိုင်ဦးမှ မသန်စွမ်းများအတွက် လွတ်လပ်စွာ ခရီးသွားလာနိုင်ရေးနှင့် မသန်စွမ်းကဏ္ဍ မြင့်တင်ရေးအတွက် ခရီးသွားလာမှု ပိုမိုအဆင်ပြေစေရန် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူမှ ကိုယ်အင်္ဂါ မသန်စွမ်း အမျိုးအစားအလိုက် မသန်စွမ်း အားကစားနည်းများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စိတ်ဓာတ်မြှင့်တင်ရေး ဟောပြောပွဲများအား ပြုလုပ်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးပြောကြားခဲ့သည်။

ယော်ဆောင်(ပြန်/ဆက်)