ဝိုင်းမော် စက်တင်ဘာ ၁
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အုပ်ချုပ်ရေး ကောင်စီဦတည်ချက် (၉) ရပ်၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်နိုင်ရေး၊ ကူးစက်မူမရှိ စေရေးအတွက် ဝန်ထမ်းနှင့် မိသားစုဝင်အားလုံး လာရောက်ထိုးနှံရေး၊ ပြည်သူအားလုံးရာနှုန်းပြည့်ထိုးနှံရန်၊ ထူးခြားဖြစ်စဥ်များကို အချိန်နှင့်တစ်ပြေးညီတင်ပြရန်၊ လုံခြုံရေးဆိုင်ရာများကို ဂရုစိုက်ဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက ပညာရေး၊ ကျန်းမာရေး၊ လမ်းပမ်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး၊ ပုံစံ(၇)ရရှိစေရေးနှင့် မီးဘေးလုံခြုံရေး လိုအပ်ချက်များကို လမ်းညွှန်မှာကြားပြီး တက်ရောက်လာကြသော မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့ဌာန အလိုက်ဆောင်ရွက်ပြီးစီးသည့် အခြေအနေနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြခဲ့ရာ ဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်းခဲ့ကြသည်။
ဖြူစင်(ပြန်/ဆက်)