သတင်းများ

အုတ်ဖိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အဆိုပြုတင်ပြမည့် စီမံကိန်းလုပ်ငန်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဌာနဆိုင်ရာများ လုပ်ငန်းများ တိုးတက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အဆိုပြုတင်ပြမည့် စီမံကိန်းလုပ်ငန်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ယနေ့နံနက် ၉နာရီ ၄၅ မိနစ်အချိန်က ကျင်းပခဲ့သည်။
ငါးသိုင်းချောင်းမြို့၌ ဆပ်ပြာအဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် စားရိက္ခာအတွက် ဆန်များလှူဒါန်းခြင်းပြုလုပ်
Sep 02,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက မိသားစုဝင်ငွေရရှိစေမည့် အသက်မွေးဝမ်းကြောင်းပညာ ဖြစ်သည့် ဆပ်ပြာအဆီပြုလုပ်နည်းသင်တန်းကို သင်တန်းနည်းပြ ဦးဇင်ကိုရှိန်းက (အခမဲ့)သင်ကြားပေးခဲ့ရာ မြို့ပေါ်ရပ်ကွက်အသီးသီးက သင်တန်းသား/သူ (၂၀)ဦး တက်ရောက်လေ့လာသင်ယူခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Sep 02,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် က ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် မွေးကင်းစမှ တစ်နှစ်ခွဲအရွယ်ရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်
Sep 02,2022
မိခင်နှင့် ကလေးငယ်များဘဝ ကျန်းမာဖွံ့ဖြိုးပြီး ရောဂါကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီအချိန် က စတင်ကာ မွေးကင်းစမှအသက်တစ်နှစ်ခွဲအရွယ်ရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးပေးခြင်းများကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ (Table -Top Exercise) ဆွေးနွေးပွဲကျင်းပ
Sep 02,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ တုတ်ပြန်ရေဆိုင်ရာ (Table-Top Exercise) ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁) နာရီခွဲအချိန်က ကျိုက္ခမီမြို့ အ.လ.က-ခွဲ (ဆင်ပုန်း) ကျောင်း၌ ကျင်းပခဲ့သည်။
စံပြလယ်ဧက(၁၀၀)ရှိ တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ အိတ် (၁၀၀) ထောက်ပံ့ပေးအပ်
Sep 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကောက်ကြီးကုန်းအုပ်စု၊ ကောက်ကြီးကုန်းကျေးရွာရှိ စနစ်တကျဖော်ထုတ်ထားသော လယ်မြေဧက(၁၀၀)၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးသော တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်
Sep 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းကို အဖွဲ့များခွဲ၍ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်း က လဟာကလူကျေးရွာအုပ်စု ကျောင်းစုကျေးရွာ အ.လ.က တွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာ Talk Show ပြုလုပ်
Sep 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာ Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။