ပန်းတောင်းမြို့နယ်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ပန်းတောင်း ​စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရက လာမည့် ၆ လပတ်တွင် ဆက်စပ်သည့် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသဦးစီးဌာနမှ ကျေးရွာမီးလင်းရေး ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိနိုင်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လဝကမှတ်ပုံတင်ဖြည့်သွင်း၊ မှတ်ပုံတင်မရှိသေးသည့်သူများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများကိုလည်း စံချိန်စံညွှန်း ပြည့်မှီအောင် ဆောင်ရွက်နိုင်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတို့တက်ဖို့ ပညာရေး၊ ကျန်းမာရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေးကဏ္ဍများတွင်လည်း ဆောင်ရွက်နိုင်ရေး၊ လုံခြုံရေးနှင့်ပတ်သက်၍ အထူးသတိပြုဆောင်ရွက်ရန် လိုအပ်ကြောင်း စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် လုပ်ဆောင်ရမည့် လုပ်ငန်းများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)