ကဝ စက်တင်ဘာ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယနေ့မွန်းလွဲ (၁:၀၀)နာရီမှ (၃:၀၀)နာရီအထိ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ထိုသင်တန်းတွင် ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး (ကိုယ်စား) ဌာနခွဲစာရေးကြီး ဦးထွန်းလင်း က ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) စနစ်နှင့်အညီ မွေးမြူဆောင်ရွက်ကြရန်နှင့် ထိုစနစ်ဖြင့် မွေးမြူဆောင်ရွက်မှသာလျှင် လယ်ယာမြေအခြားနည်းသုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း ပြောကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ အုန်းနှဲကျေးရွာနှင့် သက္ကလကျေးရွာရှိ ငါးမွေးကန်လုပ်ငန်းရှင် သင်တန်းသား/ သင်တန်းသူ (၁၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ ဆက်)