ရွှေကူ စက်တင်ဘာ ၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ စက်တင်ဘာလ ၁ ရက် နံနက် ၉ နာရီခန့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်း မြစိမ်းရောင်ဆရာဖြစ်သင်တန်းပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းပို့ချရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးယဉ်ခိုင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်းဆရာဖြစ်သင်တန်း ပို့ချရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဆောင်ရွက်မည့်နည်းလမ်းများ၊ ချေးငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးကျော်ညီညီက စီမံကိန်းဧရိယာ၊ စီမံကိန်းကာလ၊ ချေးငွေသက်တမ်းကာလများကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းကျော်က စီမံကိန်းဝိသေသများနှင့် အကျိုးကျေးဇူးများကို လည်းကောင်း သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းသား(၃)ဦး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ သင်တန်းသား(၃) ဦး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှ သင်တန်းသား(၂)ဦး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သင်တန်းသား(၂)ဦး စုစုပေါင်း သင်တန်းသား(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်၊ ပြန်/ဆက်