မဲခေါင် - လန်ချန်းစီမံကိန်းဖြင့် အရည်အသွေးကောင်း တစ်သျှူးကြံ​သီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာဆွေးနွေးပွဲနှင့်ကွင်းသရုပ်ပြပွဲ ဆက်လက်ကျင်းပ

တောင်တွင်းကြီး ဇန်နဝါရီ ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၂ စီမံကိန်းဖြင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကြံစိုက်တောင်သူများအား ကြံသီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာဆွေးနွေးပွဲနှင့်ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကင်ပွန်းတောင်ကျေးရွာ၊ တောင်သူ ဦးထိန်ဝင်း၏ ကြံစိုက်ကွင်းတွင် ပြုလုပ်ခဲ့ပြီး ကြံသီးနှံကျွမ်းကျင်ပညာရှင်များက ကြံသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သတ်၍ နည်းပညာများ ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန သကြားထွက်သီးနှံဌာနခွဲမှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီဌာနမှ ဝန်ထမ်းများ၊ တောင်တွင်းကြီးမြို့နယ်ရှိ ကြံစိုက်ပျိုးသည့် ကျေးရွာအုပ်စုများမှ ကြံစိုက်တောင်သူများ၊ စုစုပေါင်း (၇၀) ဦးကျော် တက်ရောက်ခဲ့ပြီး ကြံသီးနှံအထောက်အကူပြုပစ္စည်းများကို ကြံစိုက်တောင်သူများအား ပေးအပ်ခဲ့သည်။

နောင်နောင် (ဗိဿနိုးမြေ)