တိုက်ကြီးမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တိုက်ကြီး ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး  တိုက်ကြီးမြို့နယ် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြသည်။

ဉီးစွာ  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင် () ဦးစိုးဝင်းမောင်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍  အမှတ် (၆၁) ယာဉ်ထိန်းတပ်ဖွဲ့စု ဒုရဲမှူးဇော်လင်းထွန်းက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျလိုက်နာစေရေး အသိပညာပေးဟောပြောသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဉီးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် အထက်တန်းပြဆရာမ ဒေါ်အေးအေးသန်းက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် အကျယ်တဝင့် အသိပညာပေး ဟောပြောဆွေးနွေးသည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ ရသစာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)