မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT)တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ
Jan 17,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၇ လမ်း-ငုရွှေဝါလမ်းရှိ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT)ရှိ Auditorium Hall တွင် လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သောလူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။