အလုံ ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းသေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင် (Book Club) အဖွဲ့ဝင်များနှင့် (Youth Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာကျူးစံ ရေးသားသည့် “အငုံပွင့်နှင့်တစ်ပါးလျှော့သခင်ရသ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင် (၂) ဦးအောင်စိုးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ဦးဆောင်ဆွေးနွေးသူအဖြစ် ဦးကျူးခေါင် (ဥက္ကဋ္ဌ၊ အမ်အိုင်အေစီ) က စာအုပ်တွင် ပါရှိသည့် အကြောင်းအရာတို့ကို ကောက်နုတ်ဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စာပေဝါသနာရှင် (Book Club) အဖွဲ့ဝင်တို့က အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကို၊ အဖွဲ့ဝင် (၂) ဦးအောင်စိုး၊ သတင်းစာဆရာများ၊ ပန်းချီ၊ ကာတွန်းနှင့် စာရေးဆရာများ Book Club နှင့် Youth Club အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကိုလည်း ကြည့်ရှုခဲ့ ကြောင်း သိရသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)