ငပုတော ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၁) နာရီအချိန်က Big Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန့်ဇော်မြင့်က ကလေးများအားလုံး ကြိမ်ပြည့်ရရှိစေနိုင်စေရန်အတွက် ယခုလို Big Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ငပုတောမြို့နယ် အတွင်းမှာရှိတဲ့ အသက် (၁) နှစ်မှ (၅) နှစ်အရွယ်ကလေးငယ်များအနက်မှ ငါးမျိုးစပ်ကာကွယ်ဆေး တစ်ကြိမ်မျှမရရှိသေးသော အသက် (၁) နှစ်မှ (၅) နှစ်အရွယ် (Zero-dose children) နှင့် ကာကွယ်ဆေးအကြိမ်ပြည့်မရရှိသေးသော (၅) နှစ်အောက်ကလေးငယ်များ (Under- immunized children) အား (၂) လစီခြားလျှက် ဇန်နဝါရီလ၊ မတ်လနှင့် မေလများတွင် (၃) ကြိမ်တိုင်တိုင် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးသွားမှဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ကောင်းမွန်နိုင်ရေးသည် လွန်စွာအရေးကြီးတာကြောင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုရိုက်ကူးခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)