မော်လမြိုင်ကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၌ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ အသိပညာဟောပြောပွဲအား ယမန်နေ့ (၁၀)နာရီအချိန်က ဝါးရခိုင်ကျေးရွာနှင့် နေ့လည် (၁)နာရီအချိန်က သစ်တိုဆိပ်ကျေးရွာတို့ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၌ ကျင်းပသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က အားကစားနှင့်လူငယ်ရေးရာ သိကောင်းစရာများအကြောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူအန္တရာယ် သိကောင်းစရာများအကြောင်း၊ စားသုံးသူဥပဒေဆိုင်ရာ အချက်အလက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ စားသုံးသူများအနေဖြင့် နစ်နာမှုရှိပါက စားသုံးသူရေးရာဦးစီးဌာန (သို့မဟုတ်) DOCA Application သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ 1535 သို့ ဖုန်းဖြင့်လည်ကောင်း တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိက အားကစားပစ္စည်းများကို တာဝန်ခံကျောင်းအုပ်ဆရာမကြီးအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)