ဟိုပန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ
Jul 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အနာဂတ်လူငယ်များ ချစ်ခင်ရင်းနှီးပြီး စည်းလုံးညီညွှတ်မှုရှိကာ ပူးပေါင်းပါဝင် ဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများရရှိကြစေရန်နှင့် ကျန်းမာကြံ့ခိုင်သော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်တို့ကို ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ဟိုပန်မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။