သတင်းများ

ကျိုက်မရောမြို့နယ်တွင် အသက်၅နှစ်မှ ၁၂နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ဆေးထိုးစုရပ်ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Jul 06,2022
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားခွင့်ရရှိနိုင်ရေးအတွက် အသက် ၅ နှစ်မှ အသက်၁၂နှစ်အထိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အ.မ.က မူလွန်ကလိုင်းကနိုင်ကျောင်းခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးဆွေးနွေးရန် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူး ဦးဆောင်သည့်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ
Jul 06,2022
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတိုကို ရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲ(၁)နာရီခွဲတွင် နေပြည်တော်သို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိကြသည်။
ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ လူငယ်များကို ပျိုးထောင်ပါစာအုပ်အား စာဖတ်ဝိုင်းကျင်းပ
Jul 06,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်တို့က
မိုင်းရယ်မြို့နယ်၌ တရားမဝင်သစ်ခိုးထုတ်မှုလျော့နည်း ပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဟောပြော
Jul 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် သစ်တောဦးစီးဌာနမှဦးစီး၍ တရားမဝင်သစ်ခိုးထုတ်မှုလျော့နည်းပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က နားဖျိုင်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jul 06,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စာပေဖတ်ရှုခြင်းအလေ့အကျင့်ကောင်းများရရှိစေပြီးအမှား၊ အမှန်၊ ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ပြည်သူများ လက်ဝယ်အရောက်ငှားရမ်းပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဒေါ်နှင်းအိအိခိုင် (စာကြည့်တိုက်လက်ထောက်-၃)နှင့် ဒေါ်အေးအေးသီ(ရုပ်သံကျွမ်းကျင်-၃)တို့က ယနေ့မွန်းလွဲ(၁) နာရီမြန်မာ့စီးပွားရေးဘဏ်တွင် နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်၌ မိုးကြိုချည်မျှင်ရှည်ဝါစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Jul 06,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ၂ဝ၂၂-၂ဝ၂၃ ခုနှစ်မိုးကြိုချည်မျှင်ရှည်ဝါ စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ကွက်ငယ်ကျေးရွာအုပ်စု ကွင်းအမှတ်(၁ဝ၆၂)၊ကြာကန်အရှေ့ကွင်းရှိ တောင်သူ ၃ ဦး၏ ချည်မျှင်ရှည် ဝါစိုက်ခင်းများတွင် ကျင်းပကြောင်းသိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) AVIP သင်တန်းပို့ချမှု အခမ်းအနားကျင်းပ
Jul 06,2022
သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) AVIP သင်တန်း ပို့ချမှုကို ပုသိမ်မြို့၊ မြက်တိုစုပေါင်းရုံးရှိ အစည်းဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်တွင် ကျင်းပခဲ့သည်။
သာပေါင်းမြို့နယ်၌၂၀၂၂ ခုနှစ်၊မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး
Jul 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ဆက်လက် ထုတ်ချေးပေးလျက်ရှိသည်။