နမ့်ဆန်မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ဌားရမ်းပေး
Jul 06,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုသည့်အလေ့အကျင့်ရှိစေရန်နှင့် စာပေအကျိုးကျေးဇူးအကြောင်း သိရှိစေရန် ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ဌားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်း(၁)နာရီအချိန်တွင် အခြေခံပညာအထက်တန်းကျောင်းခွဲ(အလက-၁)တို့တွင်စာအုပ်စာစောင်ကို အခမဲ့ဌားရမ်းပေးခဲ့ကြောင်း သိရသည်။