အမာ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ အရှေ့ဖျားကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အခြေခံပညာအထက်တန်းကျောင်း၌ ပညာသင်ကြားနေသည့် အသက်(၁၂) နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသော ကျောင်းသား၊ ကျောင်းသူ (၁၀၃)ဦးကို ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးနောက်၊ အထကကျောင်း၊ အမက(၄)နှင့် အမက(၅)ကျောင်းတို့မှ အသက်(၅)နှစ်မှ (၉)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ (၃၇၀) ဦးကို ဂျပန် ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများကို ကျေးရွာအရောက်ကွင်းဆင်း၍ ထိုးနှံပေးရာတွင် အမာမြို့၊ ကျေးလက် ကျန်းမာရေးဌာန၊ တာဝန်ခံ ဆရာမ ဒေါ်ခင်ချောစုထွေးနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးပြီး အထကကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျေးရွာရှိ တာဝန်ရှိသူများက စနစ်တကျဆေးထိုးနိုင်ရန် လိုအပ်သည် များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အမာ(ပြန်/ဆက်)