ပျော်ဘွယ် စက်တင်ဘာ ၂၀
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများက သွေးလှူဒါန်းပေးမည့် မြို့နယ်ရဲတပ်ဖွဲ့ဝင်(၁၁)ဦးတို့အား လို အပ်သော ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးပြီး ရဲတပ်ဖွဲ့ ဝင်များက A ၊ B ၊ AB ၊ O သွေးအမျိုးအစား (၁၁)လုံးကို လှူဒါန်းပေးခဲ့ကြသည်။
မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော အရေးပေါ်သွေးလိုအပ်သည့် လူနာများ အဆင်ပြေချောမွေ့စေရန်နှင့် (၅၈)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှူဒါန်းပေးခြင်းဖြစ်ကြောင်း မြို့နယ်ဒုတိယရဲတပ်ဖွဲ့မှူးကျော်မင်းဆွေ က ရှင်းပြပြီး သွေးလှူဒါန်းပေးသော ရဲတပ်ဖွဲ့ဝင်များအတွက် ဆေးဝါးနှင့် အာဟာရဖြည့်စွက်စာများကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးမှထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)