သိန္နီမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲကျင်းပ
Jul 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များအား အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။