ဇလွန်မြို့တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြ
Jul 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူပေါင်း၍ KUBOTA ကောက်စိုက်စက် (၆-တန်းသွား)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဖက်သောင်ကျေးရွာအုပ်စု ဧက (၁၀၀) စံပြကွက်စိုက်ခင်းရှိ တောင်သူဦးရွှေထူး၏ လယ်မြေ (၁၀)ဧကကွက်တွင် ပြုလုပ်ခဲ့သည်။