ကျောင်းကုန်း စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်ဈေးနှုန်း အဆိုပြုလွှာစနစ်ဖြင့် ဆောင်ရွက်မည့် ငွေလုံးငွေရင်း လုပ်ငန်းမှ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်း ကွန်ကရစ်ခင်းခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိ ဦးကျော်စွာလင်း တို့သွားရောက်ကြည့်ရှုခဲ့ကြ သည်။ လမ်းအရှည် (၄၈၅)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၆)လက်မ ခင်းမည်ဖြစ်ပြီး အင်ဂျင်နီယာဦးအေးကိုက အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ အမှတ်(၁)ရပ်ကွက် ဆုတောင်းပြည့်လမ်း၊ အမှတ်(၂)ရပ်ကွက်မြို့မ ကျောင်းလမ်း၊ အမှတ်(၂) ရပ်ကွက်မင်္ဂလာလမ်း၊ အမှတ်(၅)ရပ်ကွက် စစ်ကိုင်းဒေါင့်လမ်းတို့ကို ကွန်ကရစ်ခင်းမည်ဖြစ်ပြီး အမှတ်(၃) ရပ်ကွက် ကမ်းနားလမ်းနှင့် မဟာဗောဓိဖြတ်လမ်း အမှတ်(၄)ရပ်ကွက် ဗလမင်းထင်လမ်းတို့ကို ကျောက်ချော လမ်း ခင်းသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ထံက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)