ခန္တီးမြို့တွင်အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းချိုသာစွာရောင်းချ

ခန္တီး စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်အလိုက် ပြည်သူများသို့စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် တန်ဖိုးသင့်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ စက်တင် ဘာလ(၂၀)ရက်နေ့ နံနက်(၈)နာရီအချိန်က ခန္တီးမြို့၊ ဆီးဖြူကုန်းရပ်ကွက်ဈေးအနီးတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ အာလူး၊ ကြက်သွန်၊ ကြက်ဥ၊ ကြက်သား၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက် စသည့် စားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းချိုသာစွာဖြင့် ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခန္တီးမြို့အတွင်းရှိ ပြည်သူများအား ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာနေရာသို့ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးသက်ထူးစံ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး ဈေးဝယ်လာရောက်သူ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်မှုအနေဖြင့် Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)