သတင်းများ

ငါးသိုင်းချောင်းမြို့၌ ကမ္ဘာ့ဆရာများနေ့အကြို အသိပညာပေး Talk show ကျင်းပပြုလုပ်
Sep 20,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမတွင် အငြိမ်းစားမူလတန်း ကျောင်းအုပ်ဆရာကြီးများက ကမ္ဘာ့ဆရာများနေ့အကြို အသိပညာပေး Talk show ကို ယနေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့ကြပါသည်။
နောင်တရားမြို့၌ Bookclub အဖွဲ့ဝင်များ စာဖတ်ဝိုင်းပြုလုပ်
Sep 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ Bookclub အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းတွင် သုတ၊ရသ အမြင်ခြင်းဖလှယ်သည့် စာဖတ်ဝိုင်း ပြုလုပ်သည်။
ထန်းတပင်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Sep 20,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စက်သုံးဆီပြတ်လပ်မှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
သုဝဏ္ဏဝတီမြို့၊ မြို့မဈေး၌ တာဝန်ရှိသူများပူးပေါင်း၍ Mask Campaign ပြုလုပ်ပြီး နှာခေါင်းစည်းများဝေငှပေး
Sep 20,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ပြုလုပ်ပြီး နှာခေါင်းစည်း အခမဲ့ဝေငှပေးခြင်းကို ယနေ့၊ နံနက်က ကျိုက္ကော်ရပ်ကွက်ရှိ မြို့မဈေးအတွင်း ပြုလုပ်ခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ် တကုန်းကြီးကျေးရွာတွင် အခြေခံလူတန်းစားများအား သက်သာသောစျေးနှုန်းဖြင့် ဆန်၊ အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွတ်များ ဆက်လက်ရောင်းချပေးလျက်ရှိ
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာတွင် အခြေခံလူတန်းစား များအားသက်သာသောဈေးနှုန်းဖြင့် ဆန်၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွတ်များအား ဆက်လက်ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီ အချိန်တွင် တကုန်းကြီးကျေးရွာတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့၌ ကျား/မအခြေပြုအကြမ်းဖက်မှုအသိပညာပေး (Talk Show) ဆောင်ရွက်
Sep 20,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ကျား/မအခြေပြုအကြမ်းဖက်မှု အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
အင်းစိန်မြို့နယ်၊ အင်းစိန်မြို့မစျေးကြီးတွင် စျေးဝယ်လာသူများနှင့် စျေးရောင်းချနေသူများအား နှာခေါင်းစည်း( ၃၀၀၀)ခု အခမဲ့ဖြန့်ဝေ
Sep 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ စျေးဝယ်လာသူများနှင့် စျေးရောင်းချနေသူများအား နှာခေါင်းစည်း( ၃၀၀၀)ခု အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က အင်းစိန် မြို့နယ်၊ ဈေးကုန်းအနောက်ရပ်ကွက်၊ အင်းစိန်မြို့မဈေးကြီးတွင် ဖြန့်ဝေခဲ့သည်။
နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ                                          
Sep 20,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။