ချမ်းအေးသာစံမြို့နယ် Community Centre တွင် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ချမ်းအေးသာစံ စက်တင်ဘာ ၂၀

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးများ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်ကာ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက် (၁၀) နာရီက မင်းကွန်းသရက်ပင် ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအမှတ် (၅) မှ ကျောင်းသား၊ ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပေးခဲ့ကြောင်း သိရသည်။

ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က Community Centre တွင် ပြိုင်ပွဲများ ကျင်းပပေးနေမှုများအကြောင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပရာ မင်းကွန်းသရက်ပင်ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အမှတ် (၅) မှ စတုတ္ထတန်းနှင့် ပဉ္စမတန်းမမှ ကျောင်းသား၊ ကျောင်းသူ (၂၅) ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပထမဆုကို မောင်အောင်ဖြိုးဦး၊ ဒုတိယဆုကို မရွှန်းလဲ့ဟန်နှင့် တတိယဆုကို မောင်သူရထက်အောင်တို့ရရှိခဲ့ရာ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်