ကလေး စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)ခြေခံပညာအထက်တန်းကျောင်း အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှစိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကလေးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာထူးက ကလေးသူငယ်များ၏ အသက်နှင့်စပ်လျဉ်းသည့် ပြဌာန်းချက်များ၊ ကလေးသူငယ်များအတွက် အန္တရာယ်ရှိသော အလုပ်အမျိုးအစားများ၊ ကမ္ဘာတစ်ဝှမ်းတွင် ကလေးငယ်များ လုပ်ဆောင်နေကြရသည့် လုပ်ငန်းအမျိုးအစားများကို အသိပညာပေး ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆက်လက်တင်ပြ ဆွေးနွေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့မှူးရုံး၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ကလေး(ပြန်/ဆက်)