သတင်းများ

တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ တောင်သူအသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် တောင်သူအသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန် က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကာလိမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ ဆီများကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်
Sep 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးကောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာအဆင့် စီမံကိန်းကော်မတီဝင်များအား စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းပို့ချ
Sep 23,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ကျေးရွာအဆင့်စီမံကိန်း ကော်မတီဝင်များအား စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီတွင် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ပို့ချသင်ကြားခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ လူဦးရေစာရင်းကောက်ယူခြင်း (ပြင်ဆင်/ဖြည့်စွက်/ပယ်ဖျက်ခြင်း) လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် လူဦးရေစာရင်းလစဉ် (Update)ပြုလုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေး
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ လူဦးရေစာရင်းကောက်ယူခြင်း (ပြင်ဆင်/ဖြည့်စွက်/ပယ်ဖျက်ခြင်း) လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် လူဦးရေစာရင်းလစဉ် (Update)ပြုလုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ( ၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဒလမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ကွင်းဆင်းဆောင်ရွက်
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေ စိုးမိုးရေး၊ အုပ်ချုပ်ရေး၊ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေး စစ်ကြောင်းဟူ၍ မြိုနယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်းများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
မိုးညှင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
Sep 23,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၉)နာရီက လူစည်ကားရာနေရာများဖြစ်သည့် လမ်းဆုံလမ်းခွနေရာများတွင် တာဝန်ရှိသူများက အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခဲ့သည်။
ကြံခင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက (အ ထ က-၁) အောင်ကျော်ခန်းမတွင် ကျင်းပခဲ့သည်။
ကာလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ဆောင်ရွက်
Sep 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းကိုယနေ့နံနက် (၇)နာရီခွဲအချိန်တွင် ကာလိမြို့ ပြည်ထောင်စုလမ်းမကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။