အင်းစိန်မြို့နယ်၌ လူဦးရေစာရင်းကောက်ယူခြင်း (ပြင်ဆင်/ဖြည့်စွက်/ပယ်ဖျက်ခြင်း) လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် လူဦးရေစာရင်းလစဉ် (Update)ပြုလုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေး

အင်းစိန်  စက်တင်ဘာ  ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ လူဦးရေစာရင်းကောက်ယူခြင်း (ပြင်ဆင်/ဖြည့်စွက်/ပယ်ဖျက်ခြင်း) လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် လူဦးရေစာရင်းလစဉ် (Update)ပြုလုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ( )နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်နှင့် အဖွဲဝင်() ဗိုလ်မှူး သုခလှိုင်တို့က အမှာစကားအသီးသီးပြောကြားခဲ့သည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အင်းစိန်မြို့နယ် ဦးစီးမှူး ဦးညီညီစိုး က စာရင်းဇယားအချက်အလက်များ ပြည့်စုံမှန်ကန်ရေး မြေပြင်စိစစ်ရန်လိုအပ်သည့် စာရင်းများဖြစ်သည့် (စာတိုင်၅၊၁၈၊၁၉၊၂၁၊၂၂၊၂၃၊၂၄) အပါ တစ်ဦးချင်းအလိုက် ဆွေးနွေးတင်ပြခဲ့ပြီး (၃၀..၂၀၂၂)ရက်နေ့ စိစစ်ပြီးစာရင်းအား ပြန်လည်တင်ပြရန်နှင့် မိဘပြည်သူများသို့ အသိပေးကြေညာချက် A-3 ဆိုဒ်အား အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၂၁)ရပ်ကွက်ရှိ တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ အင်းစိန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အင်းစိန်မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)