ကာလိမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ ဆီများကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

ကာလိ စက်တင်ဘာလ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းကို  ယနေ့နံနက်(၉)နာရီ အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုတွင် ကာလိမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစန်းမြင့်သန်း၊ ကာလိနယ်မြေစခန်းမှ စခန်းမှူးဒုရဲအုပ်ဆန်းလွင်၊ စည်ပင်သာယာရေးဌာနမှ ဦးစီးမှူး ဦးခင်ဇော်ဦး၊ မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ရဲမင်းဟိန်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ကာလိမြို့အတွင်းရှိ ဆီဆိုင်များသို့ သွားရောက်၍ စက်သုံးဆီများ ရောင်းဝယ်နေမှု အခြေအနေများကို စစ်ဆေးခြင်း၊ လက်ကျန်အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးပြီး မီး‌ဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများ၊ သတ်မှတ်ထားသည့် စည်းကမ်းများဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကာလိ(ပြန်/ဆက်)